- ကိုယ်အဆင်ပြေမှ သူများကို ကူညီတယ်ဆိုတာ မဖြစ်သင့်ဘူး ။
- အတ္တကျယ်ရင် ပရကျဉ်းတယ်။
- ဘဝတန်ဖိုးဆိုတာ ကိုယ်ကျင့်သီလကောင်းဖို့၊ အများအကျိုး သယ်ဆောင်ဖို့။
- ဒီနေ့ အပင်ပန်းမခံနိုင်ရင် မနက်ဖြန် ပိုပင်ပန်းမယ်။
- အခက်အခဲ မရှိတဲ့ အောင်မြင်မှုဆိုတာမရှိဘူး။
- အတွေ့အကြုံဆိုတာ ကိုယ့်ရဲ့အမှားတွေကို ရိုးရိုးလေး နာမည်တပ်ပေးထားတာပါ။ စိန်ခေါ်မှုတွေကို လက်မခံရင် ဘာအတွေ့အကြုံမှ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက် ချီတက်ပါ။ တောင်တွေ့ရင် တက်ပါ။ ကုန်းကွေ့ရင် ကျော်ပါ၊ ပင်လယ်တွေ့ရင် ဖြတ်ပြီး ကြယ်တာရာတွေဆီ ပျံသွားလိုက်ပါ။
- လူ့ဘဝမှာ တာထွက်တာချင်းဟာ အတူတူပဲ။ လုံ့လ၊ ဝိရိယနဲ့ ကြိုးစားမှုတွေကြောင့်ပဲ လူတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေ ကွာခြားသွားတာပါပဲ။
- ကိုယ့်ဘဝကို တန်ဖိုးထားမှ ဘဝက တန်ဖိုးရှိမှာပါ။
- လူ့ဘဝဟာ လမ်းဆုံလမ်းဂွပါ။
- ကိုယ်ပေးဆပ်ရင် ပေးဆပ်သလောက် အကျိုးရှိတယ်။
- ဖတ်မိသော စာအုပ်များထဲမှ ပြည့် ကြိုက်သော စာစုလေးတွေကို မှတ်ထားလေ့ရှိတယ်။ အဲဒီစာစုလေးတွေကို ပြန်လည်မျှဝေပေးတာပါ။
Monday, 23 April 2012
စကားလက်ဆောင် (၄)
Tuesday, 13 March 2012
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း Ebook လေးကို ဖတ်ပြီး စာလုံးပေါင်းကြမယ်...
Thursday, 1 March 2012
စကားလက်ဆောင် (၃)
- ကိုယ်အဆင်ပြေမှ သူများကို ကူညီတယ်ဆိုတာ မဖြစ်သင့်ဘူး ။
- အတ္တကျယ်ရင် ပရကျဉ်းတယ်။
- ဘဝတန်ဖိုးဆိုတာ ကိုယ်ကျင့်သီလကောင်းဖို့၊ အများအကျိုး သယ်ဆောင်ဖို့။
- ဒီနေ့ အပင်ပန်းမခံနိုင်ရင် မနက်ဖြန် ပိုပင်ပန်းမယ်။
- အခက်အခဲ မရှိတဲ့ အောင်မြင်မှုဆိုတာမရှိဘူး။
- အတွေ့အကြုံဆိုတာ ကိုယ့်ရဲ့အမှားတွေကို ရိုးရိုးလေး နာမည်တပ်ပေးထားတာပါ။ စိန်ခေါ်မှုတွေကို လက်မခံရင် ဘာအတွေ့အကြုံမှ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက် ချီတက်ပါ။ တောင်တွေ့ရင် တက်ပါ။ ကုန်းကွေ့ရင် ကျော်ပါ၊ ပင်လယ်တွေ့ရင် ဖြတ်ပြီး ကြယ်တာရာတွေဆီ ပျံသွားလိုက်ပါ။
- လူ့ဘဝမှာ တာထွက်တာချင်းဟာ အတူတူပဲ။ လုံ့လ၊ ဝိရိယနဲ့ ကြိုးစားမှုတွေကြောင့်ပဲ လူတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေ ကွာခြားသွားတာပါပဲ။
- ကိုယ့်ဘဝကို တန်ဖိုးထားမှ ဘဝက တန်ဖိုးရှိမှာပါ။
- လူ့ဘဝဟာ လမ်းဆုံလမ်းဂွပါ။
- ကိုယ်ပေးဆပ်ရင် ပေးဆပ်သလောက် အကျိုးရှိတယ်။
Friday, 24 February 2012
စကားလက်ဆောင် (၂)
- စိတ်ဓါတ်ကျရင် ကျပါစေ စိတ်မသေပါစေနဲ့။
- ၂၁ ရာစု၏ စိန်ခေါ်မှု မှန်ကန်သောရွေးချယ်ခြင်း။
- သတ္တဝါတွေအားလုံးထဲမှာမှ အမြတ်ဆုံး လူဆိုတာ လောကကောင်းကျိုးကို ဆောင်ရွက်ခွင့်ရှိတဲ့သူ ဖြစ်တယ်။
- လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူ၏ အတွေးအခေါ်နှင့် ပတ်ဝန်းကျင်ပေါ်မူတည်တယ်။
- ပြောင်းလဲချင်စိတ် မရှိရင် ဘာမှ လုပ်လို့ မရဘူး။
- အောင်မြင်မှုဟာ နောက်မဆုတ်သေးသောသူတွေအတွက် ရက်ရောပါတယ်။
- အခွင့်အလမ်းဟာ နွေဦးမှာ တံခါးရှေ့ လာနားတဲ့ ငှက်လေး လိုပါပဲ။
- ရှေ့ကို တက်ချင်ရင် လိမ့်ကျမှာ မကြောက်ပါနဲ့။
- အောင်မြင်ချင်ရင် နည်းလမ်းရှာ ကျရှုံးမှာမကြောက်နဲ့။
- ယုံလွယ်ရင် အလိမ်ခံရတတ်တယ်။ သံသယများရင် အခွင့်အလမ်းနဲ့ လွဲတတ်တယ်။
Wednesday, 22 February 2012
စကားလက်ဆောင် (၁)
ဖတ်မိသော စာအုပ်များထဲမှ ပြည့် ကြိုက်သော စာစုလေးတွေကို မှတ်ထားလေ့ရှိတယ်။ အဲဒီစာစုလေးတွေကို ပြန်လည်မျှဝေပေးတာပါ။
- လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ်လုပ်ခြင်းပဲ။
- ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တတ်တယ်။
- ကိုယ့်ဘဝကိုယ်သိ ကိုယ့်အားကိုယ်ကိုး။
- လဲရင်ပြန်ထ ဒါဘဝပဲ။
- အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်။
- နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေပါနဲ့
- လူ့ဘုံဆိုတာ လုံ့လဝီရိယ ဘုံပါ။
- အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘဝဆုံးရှုံးပြီးသာမှတ်
- လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ အရေးကြီးတယ်။
- ရောဂါပြင်းလျှင် ဆေးရှိသည်။ လူပျင်းလျှင် ဆေးမရှိပါ။
- ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခကိုဇွဲနဲ့ အလဲထိုးပါ
- အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နှင့် အနိုင်ယူပါ
- အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုရှိတယ် အဲဒါ မိဘနဲ့ အချိန်ပဲ
Tuesday, 21 February 2012
ဓမ္မစကား
အညံ့စား လုံ့လ ဝိရိယဖြင့် အမြတ်စား အထွတ်အထိပ်သို့ ရောက်ရိုးထုံးစံ မရှိချေ။
အမြတ်စား လုံ့လ ဝိရိယဖြင့် အမြတ်စား အထွတ်အထိပ်သို့ ရောက်ရိုးထုံးစံ ရှိချေ၏။
Subscribe to:
Posts (Atom)