Wednesday, 22 February 2012

စကားလက်ဆောင် (၁)

ဖတ်မိသော စာအုပ်များထဲမှ ပြည့် ကြိုက်သော စာစုလေးတွေကို မှတ်ထားလေ့ရှိတယ်။ အဲဒီစာစုလေးတွေကို ပြန်လည်မျှဝေပေးတာပါ။

  1. လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ်လုပ်ခြင်းပဲ။
  2. ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တတ်တယ်။
  3. ကိုယ့်ဘဝကိုယ်သိ ကိုယ့်အားကိုယ်ကိုး။
  4. လဲရင်ပြန်ထ ဒါဘဝပဲ။
  5. အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်။
  6. နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေပါနဲ့
  7. လူ့ဘုံဆိုတာ လုံ့လဝီရိယ ဘုံပါ။
  8. အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘဝဆုံးရှုံးပြီးသာမှတ်
  9. လုပ်ချင်တာထက် လုပ်သင့်တာလုပ်ဖို့ အရေးကြီးတယ်။
  10. ရောဂါပြင်းလျှင် ဆေးရှိသည်။ လူပျင်းလျှင် ဆေးမရှိပါ။
  11. ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခကိုဇွဲနဲ့ အလဲထိုးပါ
  12. အပြောနဲ့ ကဲ့ရဲ့တတ်သူကို အလုပ်နှင့် အနိုင်ယူပါ
  13. အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုရှိတယ် အဲဒါ မိဘနဲ့ အချိန်ပဲ

No comments:

Post a Comment