Monday, 23 April 2012

စကားလက်ဆောင် (၄)

  1. ကိုယ်အဆင်ပြေမှ သူများကို ကူညီတယ်ဆိုတာ မဖြစ်သင့်ဘူး ။
  2. အတ္တကျယ်ရင် ပရကျဉ်းတယ်။
  3. ဘဝတန်ဖိုးဆိုတာ ကိုယ်ကျင့်သီလကောင်းဖို့၊ အများအကျိုး သယ်ဆောင်ဖို့။
  4. ဒီနေ့ အပင်ပန်းမခံနိုင်ရင် မနက်ဖြန် ပိုပင်ပန်းမယ်။
  5. အခက်အခဲ မရှိတဲ့ အောင်မြင်မှုဆိုတာမရှိဘူး။
  6. အတွေ့အကြုံဆိုတာ ကိုယ့်ရဲ့အမှားတွေကို ရိုးရိုးလေး နာမည်တပ်ပေးထားတာပါ။ စိန်ခေါ်မှုတွေကို လက်မခံရင် ဘာအတွေ့အကြုံမှ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက် ချီတက်ပါ။ တောင်တွေ့ရင် တက်ပါ။ ကုန်းကွေ့ရင် ကျော်ပါ၊ ပင်လယ်တွေ့ရင် ဖြတ်ပြီး ကြယ်တာရာတွေဆီ ပျံသွားလိုက်ပါ။
  7. လူ့ဘဝမှာ တာထွက်တာချင်းဟာ အတူတူပဲ။ လုံ့လ၊ ဝိရိယနဲ့ ကြိုးစားမှုတွေကြောင့်ပဲ လူတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေ ကွာခြားသွားတာပါပဲ။
  8. ကိုယ့်ဘဝကို တန်ဖိုးထားမှ ဘဝက တန်ဖိုးရှိမှာပါ။
  9. လူ့ဘဝဟာ လမ်းဆုံလမ်းဂွပါ။
  10. ကိုယ်ပေးဆပ်ရင် ပေးဆပ်သလောက် အကျိုးရှိတယ်။
  11. ဖတ်မိသော စာအုပ်များထဲမှ ပြည့် ကြိုက်သော စာစုလေးတွေကို မှတ်ထားလေ့ရှိတယ်။ အဲဒီစာစုလေးတွေကို ပြန်လည်မျှဝေပေးတာပါ။