Wednesday, 9 July 2014

Mental Checkup

မြတ်စွာတရားရဲ့တရားဟာ Mental Check Up လုပ်တာ

မေတ္တာတရား

ကောင်းကွက်ကိုရှာပြီး မေတ္တာပွားပါ


ခန္တီတရား

Ability to maintain normal position.

ကိုယ်ကပျော်ရွှင်ချမ်းမြေ့နေချိန်မှာ တဖက်သားရဲ့ စော်ကားမှုခံရရင် မခံချင်စိတ်နဲ့ မာနဝင်လာပြီး နှုတ်၊ လက်နဲ့တုံ့ပြန်မိရင် Maintain မလုပ်နိုင်တာ၊ ငုံ့ခံနေပေမယ့် ရင်ထဲက မခံချင်စိတ်ဖြစ်ရင် ခန္တီမဟုတ်

မြတ်စွာတရားကိုယ်တိုင်တောင် ဆဲရေးခံရတဲ့အခါ အပြုံးမပျက်ဘဲ နေနိုင်တယ်

ဥပမာ

မေး -မင်းဆီလာတဲ့ဧည့်သည်ကို မုန့်နဲ့ ဧည့်မခံဘူးလား

ဖြေ- ဧည့်ခံပါတယ်


မေး -အဲဒီဧည့်သည် ပြန်တဲ့အခါ ဧည့်သည်က ဘာမှမစားဘဲပြန်သွားရင် အဲဒါ ဘယ်သူ့ဟာလဲ

ဖြေ -မိမိပစ္စည်းပါ

အေး အဲဒါဆို ဆဲရေးခြင်းနဲ့ ဧည့်ခံတာ ငါလက်မခံဘူး.... မင်းပြန်ယူ

လက်မခံတဲ့လက်ဆောင် လို့ခေါ်တယ်


ဥပက္ခာတရား

ချီးမွမ်းလည်း မှတ်မထား

ကဲ့ရဲ့ရင်လည်း မှတ်မထားနဲ့ လုပ်စရာရှိတာ လုပ်သင့်တာဆက်လုပ် တုံ့ပြန်တာ မမျှော်လင့်တာ ှ

မိသားစုဆိပ်ကမ်း

မိသားစုဆိုတာ ဆိပ်ကမ်းတစ်ခုလိုပါပဲ ... စွမ်းအင်တွေ ဖြည့်ပေးတဲ့ နေရာလည်းဖြစ်ပါတယ် ., အဆင်မပြေမှု နဲ့ အခက်အခဲတွေဟာ အောင်မြင်တဲ့ တစ်ဖက်ကမ်းကို မောင်းနှင်သွားရာမှာ ကျိန်းသေကြုံရမယ့် လှိုင်းတံပိုးတွေ ဖြစ်ပါတယ်., မိသားစုဆိုတာကတော့ အေးချမ်းတဲ့ ဆိပ်ကမ်းလိုပါပဲ မိမိရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ပြန်ပြီးတော့ ကောင်းမွန်စေနိုင်တယ် အင်အားတွေကို ပြန်ပြီးတော့ ဖြည့်ပေးနိုင်တယ် နောက်တစ်ခါ မောင်းနှင်ဖို့ အင်အားတွေ ရှိစေတယ် အောင်မြင်တဲ့ပန်းတိုင်ကို ဆက်လက်ပြီးတော့ ချီတက်စေနိုင်ပါတယ်
(ဒေါက်တာခင်ခင်ရီ)

Tuesday, 10 June 2014

ပျော်ရွှင်စရာ နှစ်သစ်လေး ပိုင်ဆိုင်နိုင်ကြပါစေ

မြန်မာလူမျိုးတွေဆိုတော့ မြန်မာလိုပဲ နှစ်သစ်ကို ကြိုဆိုကြပါစို့................

"ပျော်ရွှင်စရာနှစ်သစ်လေး ပိုင်ဆိုင်နိုင်ပါစေလို့" သူငယ်ချင်း၊ မိတ်ဆွေများကို ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်မငယ်ငယ်ကဆိုလေ သင်္ကြန်ရောက်ရင် အရမ်းပျော်တာ..... မောင်နှမ နှစ်ယောက် အစ်ကိုက ရေသေနတ်၊ ညီမက ရေခွက်လေးကိုင်ပြီး လမ်းမကြီးဘက်ကို ပျော်ရွှင်မှုအပြည့်နဲ့ သွားတာပေါ့...... ကားလမ်းမပေါ်လည်းရောက်ရော ပက်စရာရေက ရှားလိုက်တာ........... လူကြီးတွေကလည်း ကလေးတွေအတွက် ကြိုးစားပြီး ရေတိုင်ကီတွေငှား........ ငှားပြီးသယ်........ ရေတိုင်ကီရတော့ ရေရဖို့အရေး လုံးပန်းလိုက်ကြတာ......... မွန်းတည့်ကိုရောက်ရော.......... မွန်းတည့်တော့ ခဏပဲ ရေကစားပြီး........... နေကလည်း အရမ်းပူတော့......... နားလိုက်ကြတာ........ ညနေ ၃ နာရီ၊ ၄ နာရီလောက်မှပဲ ရေကိုအားရပါးရ ကစားရတော့တယ်............ ကျွန်မလေ ရေမစိုသေးတဲ့ သူတွေကို ပက်ဖို့ စောင့်ရင်း စောင့်ရင်း မပက်လိုက်ရတဲ့နေ့တွေလည်းမနည်းဘူး...... လမ်းမပေါ်ရောက်မှတော့ မစိုတဲ့သူရှိပါဦးမလား... စဉ်းစားသာကြည့်........ ဒါကိုပဲ ကျွန်မက ရေမစိုသူကိုလိုက်ရှာပက်တာ တွေ့ပြန်တော့လည်း.......... သူတို့က ကိုယ့်ကိုလှည့်ပြီး ကိုယ့်ရေနဲ့ကိုယ် ပြန်ရေပက်ခံလိုက်ရတယ်................ ဆိုးဝါးလိုက်တဲ့ဘဝနော်....... ဒီလိုနဲ့ သင်္ကြန်နောက်ဆုံးနေ့ရောက်...... မောင်နှမနှစ်ယောက် လမ်းမပေါ်ကို ရေခွက်လေးတွေ ကိုယ်စီနဲ့ သွားကြပြန်ရော........... မနက်ပိုင်းလေးမှာပဲ...  ကားပေါ်က လူတွေကို လှမ်းပက်လိုက်တာ......... ရေတင်မကဘဲ ခွက်နဲ့ပါ ပစ်ပေါက်သလိုဖြစ်သွားပြီး...... ခွက်က အဝေးကိုလွင့်သွားတယ်.. တစ်ချိန်တည်းမှာပဲ....... ကားက ခွက်ကို ကြိတ်သွားတာ.......... ခွက်ကလေးကို ပိန်ချုံ့သွားတာပဲ............ ဝမ်းနည်းလိုက်တာ.......... ရေပက်စရာ ခွက်မရှိတော့ဘူး......... အစ်ကိုက သူ့ရေခွက်လေးကို ပေးရှာသော်လည်း....... ရေပက်ချင်စိတ်ကို မရှိတော့တဲ့ ကျွန်မ.... ဝမ်းနည်းစွာနဲ့ပဲ အိမ်ကို ပြန်လာခဲ့ရပါတယ်........... နောက်နှစ်တွေမှာတော့ ကိုယ့်အိမ်ရှေ့မှာပဲ ရေပုံးလေး ချပြီး ရေပက်ပြန်တော့လည်း လမ်းကို ဖြတ်တဲ့သူတွေက လူကြီးတွေ ဥပုသ်သည်တွေချည်းပဲ.......... ကိုယ့်ကိုယ်ကိုပဲ ရေလောင်းပြီး ပျော်လိုက်ရပြန်ရော................. ဒီလို ဒီလိုတွေနဲ့ တက္ကသိုလ်ရောက်တော့ မကွေးကို ကျောင်းသွားတက်ရတယ်...သင်္ကြန်ရောက်တော့ သင်္ကြန်ဆိုတာကို စိတ်မဝင်စားတော့ဘူး.. တစ်နှစ်မှ တစ်ခေါက်လောက်ပဲ အိမ်ကိုပြန်ရတဲ့ ကျွန်မအဖို့ ကိုယ့်အိမ်မှာပဲ အားရပါးရ အိပ်လိုက် စားလိုက် လုပ်နေမိခဲ့ပါတယ်..... ဖေဖေက တရားလေး ပြောပြလိုက် မေမေက ဥပုသ်စောင့်ဖို့ ခေါ်လိုက်နဲ့ သင်္ကြန်ရဲ့ ပျော်ရွှင်စရာလေးတွေကို ကျွန်မမပိုင်ဆိုင်ခဲ့ရပါဘူး......... ကိုယ်ပြန်တဲ့အချိန် သူငယ်ချင်းတွေကလည်း နယ်မှာ မရှိကြဘူးလေ....... သူများတွေ ပျော်တာကိုပဲ ခံစားပြီး ပျော်လိုက်ရပါတယ်....... ၂၀၀၇ ခုနှစ်မှာ ရန်ကုန်ကို ရောက်လာတယ်...... သင်္ကြန်ရောက်တော့လည်း ဖေဖေတာဝန်ကျရာ နေရာကို မိသားစုတွေစုံလို့ ပြန်သွားဖြစ်တယ်........ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ ကျွန်မ သီလရှင်ဝတ်ဖြစ်ပါတယ်...... ဘွဲ့နာမည်ကတော့ "သုတပါရမီ"တဲ့.... ဘာမှတော့ မသိဘူး............ :) ၂၀၀၉ ခုနှစ် သင်္ကြန်မှာ ကျွန်မ တစ်ယောက်သောသူနဲ့ တစ်ရက် မနက်ပိုင်း မုန့်သွားစားဖြစ်တယ်...... အပျော်ဆုံးအချိန်ပေါ့....... :)
 ညနေပိုင်းမှာတော့ အဆောင်ရှေ့မှာ ရေကစားဖြစ်တယ်....... မနက်က အပျော်နဲ့ ရေကစားလိုက်တာ ပျော်ဖို့အကောင်းဆုံးပေါ့....... ၂၀၁၀ ခုနှစ် သင်္ကြန်မှာ ရုံးက မဏ္ဍာပ်မှာ မနက်ပိုင်း တစ်ရက် ရေကစားဖြစ်တယ်....... ကျွန်မအဖို့တော့ စိတ်ညစ်ဖို့ကောင်းတဲ့ ရေကစားနည်းတွေ၊ လူတွေပဲ
ယဉ်ကျေးမှုဆိုတာ ဘယ်နေရာရောက်နေကြလဲ? အရက်မူးပွဲများလား အောက်မေ့ရလောက်တယ်........... စိတ်ရှုပ်လွန်းလို့ ပြန်လာခဲ့တယ်........ ၂၀၁၁ခုနှစ် သင်္ကြန် ရေနံချောင်းမှာပဲ အလှူလုပ်တယ်...... ဖေဖေပြောပြတဲ့တရားတွေပဲ နာခဲ့ရတယ်......... ဒီနှစ် ၂၀၁၂ သင်္ကြန်မှာတော့ သူနဲ့ လျှောက်သွား မုန့်စားခဲ့တဲ့အချိန်လေးတွေကို သတိရရင်း မိသားစုတွေ စုံတဲ့ အိမ်လေးမှာ ဖေဖေပြောပြတဲ့ တရားကိုနာ မေမေခေါ်တဲ့ ဓမ္မာရုံကိုသွားပြီး ဥပုသ်စောင့်ရတော့မယ်........... ထင်ပါ၏