- ကိုယ်အဆင်ပြေမှ သူများကို ကူညီတယ်ဆိုတာ မဖြစ်သင့်ဘူး ။
- အတ္တကျယ်ရင် ပရကျဉ်းတယ်။
- ဘဝတန်ဖိုးဆိုတာ ကိုယ်ကျင့်သီလကောင်းဖို့၊ အများအကျိုး သယ်ဆောင်ဖို့။
- ဒီနေ့ အပင်ပန်းမခံနိုင်ရင် မနက်ဖြန် ပိုပင်ပန်းမယ်။
- အခက်အခဲ မရှိတဲ့ အောင်မြင်မှုဆိုတာမရှိဘူး။
- အတွေ့အကြုံဆိုတာ ကိုယ့်ရဲ့အမှားတွေကို ရိုးရိုးလေး နာမည်တပ်ပေးထားတာပါ။ စိန်ခေါ်မှုတွေကို လက်မခံရင် ဘာအတွေ့အကြုံမှ ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ဆက် ချီတက်ပါ။ တောင်တွေ့ရင် တက်ပါ။ ကုန်းကွေ့ရင် ကျော်ပါ၊ ပင်လယ်တွေ့ရင် ဖြတ်ပြီး ကြယ်တာရာတွေဆီ ပျံသွားလိုက်ပါ။
- လူ့ဘဝမှာ တာထွက်တာချင်းဟာ အတူတူပဲ။ လုံ့လ၊ ဝိရိယနဲ့ ကြိုးစားမှုတွေကြောင့်ပဲ လူတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေ ကွာခြားသွားတာပါပဲ။
- ကိုယ့်ဘဝကို တန်ဖိုးထားမှ ဘဝက တန်ဖိုးရှိမှာပါ။
- လူ့ဘဝဟာ လမ်းဆုံလမ်းဂွပါ။
- ကိုယ်ပေးဆပ်ရင် ပေးဆပ်သလောက် အကျိုးရှိတယ်။
- ဖတ်မိသော စာအုပ်များထဲမှ ပြည့် ကြိုက်သော စာစုလေးတွေကို မှတ်ထားလေ့ရှိတယ်။ အဲဒီစာစုလေးတွေကို ပြန်လည်မျှဝေပေးတာပါ။
Monday, 23 April 2012
စကားလက်ဆောင် (၄)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment