Friday, 24 February 2012

စကားလက်ဆောင် (၂)

  1. စိတ်ဓါတ်ကျရင် ကျပါစေ စိတ်မသေပါစေနဲ့။
  2. ၂၁ ရာစု၏ စိန်ခေါ်မှု မှန်ကန်သောရွေးချယ်ခြင်း။
  3. သတ္တဝါတွေအားလုံးထဲမှာမှ အမြတ်ဆုံး လူဆိုတာ လောကကောင်းကျိုးကို ဆောင်ရွက်ခွင့်ရှိတဲ့သူ ဖြစ်တယ်။
  4. လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူ၏ အတွေးအခေါ်နှင့် ပတ်ဝန်းကျင်ပေါ်မူတည်တယ်။
  5. ပြောင်းလဲချင်စိတ် မရှိရင် ဘာမှ လုပ်လို့ မရဘူး။
  6. အောင်မြင်မှုဟာ နောက်မဆုတ်သေးသောသူတွေအတွက် ရက်ရောပါတယ်။
  7. အခွင့်အလမ်းဟာ နွေဦးမှာ တံခါးရှေ့ လာနားတဲ့ ငှက်လေး လိုပါပဲ။
  8. ရှေ့ကို တက်ချင်ရင် လိမ့်ကျမှာ မကြောက်ပါနဲ့။
  9. အောင်မြင်ချင်ရင် နည်းလမ်းရှာ ကျရှုံးမှာမကြောက်နဲ့။
  10. ယုံလွယ်ရင် အလိမ်ခံရတတ်တယ်။ သံသယများရင် အခွင့်အလမ်းနဲ့ လွဲတတ်တယ်။
                    ဖတ်မိသော စာအုပ်များထဲမှ ပြည့် ကြိုက်သော စာစုလေးတွေကို မှတ်ထားလေ့ရှိတယ်။ အဲဒီစာစုလေးတွေကို ပြန်လည်မျှဝေပေးတာပါ။

                    No comments:

                    Post a Comment